Slogan

Thein Soe

Email

Slogan

ကျွန်တော်တို့တစ်တွေသည် ပတ်ဝန်းကျင်ဆိုင်ရာအ‌‌ရေးအရာများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေကြသူများ ဖြစ်ကြသည့်အလျောက် သိရှိလေ့လာထားသည်များ၊ အတွေ့အကြုံများ၊ ယူဆချက်များနှင့် ခံယူချက်များအား တစ်ဦးနှင့်တစ်ဦး မျှဝေဖလှယ်ဖြစ်ကြပါက အကျိုးများစွာ ရှိနိုင်လိမ့်မည်ဟု MEAA အလုပ်အမှုဆောင်အဖွဲ့က ဆွေးနွေးပြောဆိုမိကြပါသည်။ ထို့အတွက် အသင်း၏ website တွင် အချင်းချင်းမျှဝေ‌‌ရေးသားပြီး အပြန်အလှန်ဆွေးနွေးနိုင်ကြစေရန်အတွက် blog site တစ်ခုကိုပါ ဖန်းတီးပေးထားပြီးဖြစ်ပါသည်။

ထို blog site တွင် MEAA အသင်းသားများသာမက ပတ်ဝန်းကျင်ဆိုင်ရာများကို စိတ်ဝင်စားကြသော အများသူငှာများပါ ဝင်ရာက်လေ့လာဖတ်ရှုနိုင်ရန် စီမံဆောင်ရွက်ထားပါသည်။ လတ်တလောတွင် စမ်းသပ်တင်ထားသည့် beta version တွင်မူ MEAA အသင်းသားများကိုသာ user registration ခွင့်ပြုပေးထားပါသည်။ MEAA အသင်းသားများသည် blog/post များတင်ရန်နှင့် comment များ ဝင်ရောက်‌ရေးသားနိုင်ရန်အတွက် user registration အား မဖြစ်မနေပြုလုပ်ရပါမည်။

MEAA အသင်းသားများအနေဖြင့် ဤ knowledge sharing blog site တွင် အတွေးအမြင်၊ အယူအဆ၊ လေ့လာထားမှုနှင့် အတွေ့အကြုံများအား အများသူငှာအတွက် ပါဝင်မျှဝေပေးကြပါရန်နှင့် ပတ်ဝန်းကျင်ရေးရာများကို စိတ်ဝင်စားကြသူများကိုလည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ကြပါရန် အသင်း၏ အလုပ်အမှုဆောင်အဖွဲ့မှာ လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

77

What’s your Reaction?
+1
7
+1
0
+1
2

By Thein Soe

MEAA Fellow Member and Publicist (Member ID - 0002)

Related Post

Leave a Reply